စာရေးသူ

အားလုံးမြင်နိုင်ရန်
Jennifer Benson Schuldt

ဂျဲနီဖါဘန်စန်ရှော့ထ်

ဂျဲနီဖါဘန်စန်ရှော့ထ် (Jennifer Benson Schuldt)သည် ၁၉၉၇ ခုနှစ်၌ စီဒါဗေးလ် တက္ကသိုလ် (Cedarville University) မှ ဘွဲ့ရခဲ့ပြီး နည်းပညာဆိုင်ရာ စာရေးဆရာအဖြစ် စတင်လုပ်ကိုင်ကာ ကျွမ်းကျွမ်းကျင်ကျင်နှင့် စာပေများရေးသားခဲ့သည်။ ယခုလက်ရှိတွင် ဆရာမသည် Our Daily Bread အတွက် စာမူများရေးသားပေးနေသည်။ ဆရာမနှင့် ခင်ပွန်း ဘော့ (Bob)တို့သည် သားသမီး နှစ်ဦးတို့နှင့် အတူ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့၏ ဆင်ခြေဖုံးဒေသ၌ နေထိုင်ကြပါသည်။ စာမရေးသည့်အချိန်တွင် ဆရာမသည် အိမ်၌သော်လည်းကောင်း၊ အသင်းတော်၌သော်လည်းကောင်း ဆက်ကပ် လုပ်ဆောင်နေလျက်ရှိသည်။ သူမသည် ပန်းချီဆွဲခြင်း၊ ကဗျာစာအုပ် နှင့် ဝတ္ထုစာအုပ်များ ဖတ်ခြင်း၊ မိသားစုနှင့်အတူ အပန်းဖြေလမ်းလျှောက်ထွက်ခြင်းများကို နှစ်သက်သည်။ သူမ၏ အနှစ်သက်ဆုံး သမ္မာကျမ်းစာပိုဒ်များထဲမှ တစ်ပိုဒ်မှာ “အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်းတော်မူသနည်း” (မိက္ခာအနာဂတ္တိကျမ်း ၆:၈) ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျဲနီဖါဘန်စန်ရှော့ထ်

ပို၍ကောင်းသောအရာ

အိမ်အပြင်ဘက်တွင် အချက်ပေးဥဩသံများ ဆူညံနေသည်။ ထိုအသံကို မသိသည့်   သူငယ်လေးက ‘‘ဘာသံလဲ’’ဟု မိခင်ကို မေးလိုက်သည်။ သူမက ဒါဟာ အန္တရာယ်ရှိတဲ့ လေမုန်တိုင်းလာတော့မယ်လို့ သတိပေးတဲ့ အချက်ပေးသံပဲ။  တကယ်လို့ လူတွေက လုံခြုံတဲ့နေရာဆီ ပြေးမသွားဘူးဆိုရင် လေဆင်နှာမောင်းကြောင့် သေမှာဖြစ်တယ် ’’ ဟု ရှင်းပြသည်။ ထိုအခါ သူငယ်လေးက ‘‘အမေ၊ ဒါကဘာလို့ မကောင်းတဲ့ကိစ္စ ဖြစ်ရမှာလဲ၊   တကယ်လို့ သေသွားခဲ့ရင် လည်း
သခင်ယေရှုနဲ့ တွေ့ရမှာပဲလေ၊ မဟုတ်ဘူးလား’’ဟု ပြန်မေး  လိုက်သည်။
သေခြင်းတရားက ဘာမှန်း ကလေးများ နားမလည် ကြပါ။ သို့ငြား သေခြင်းနှင့်စပ်လျဉ်း၍ ရှင်ပေါလုက  သူရရှိ ခဲ့သော ဘ၀အတွေ့အကြုံများအရ ‘‘စုတေ့၍ ခရစ်တော်နှင့် အတူနေခြင်းငှာ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍ အလွန်ထူးမြတ်သောအကျိုးဖြစ်၏’’ (ဖိ ၁း၂၃) ဟူ၍ ရေးခဲ့ သည်။…

သန့်ရှင်းသောစိတ်နှလုံးမှ ချီးမွမ်းခြင်း

ကျွန်မ၏ သူငယ်ချင်း မာနာ သည် နိုင်ငံခြားသို့ ခရီးထွက်စဉ် ၀တ်ပြုကိုးကွယ်ရန် ဘုရားကျောင်းတစ်ခုသို့ သွားရောက်ခဲ့ရာ၊ ၀တ်ပြုကိုးကွယ်ရန် ရောက်လာသူတို့သည် ဘုရားကျောင်းအတွင်းသို့ ၀င်လာသည်နှင့် အရှေ့ဘက်သို့ မျက်နှာမမူဘဲ အခြား တစ်ဖက်သို့လှည့်ကာ ဒူးထောက်လျက် ဆုတောင်းကြသည်ကို သတိပြုမိသည်။ ၀တ်ပြု စည်းဝေးမစမီ ၎င်းတို့သည် ဘုရားသခင်ထံ အပြစ်ကို ၀န်ချ တောင်းပန်ခြင်း ဖြစ်သည်။
ထိုသို့ နှိမ့်ချသောအပြုအမူက ဆာလံ ၅၁ မှ
‘‘ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော် မမူတတ်ပါ’’(း၁၇)ဟု ဒါဝိဒ်မင်းကြီး ဆုတောင်းသည့် အချက်ကို သရုပ်ဖော်နေသည်။ ဒါဝိဒ်မင်းက ဗာသရှေဘနှင့် မှားယွင်းဖောက်ပြန်ခဲ့သည့် သူ့အပြစ်အတွက် နောင်တနှင့် ၀မ်းနည်းကြေကွဲရခြင်းကို ဖော်ပြခြင်းဖြစ်သည်။ အပြစ်
အတွက် အမှန်တကယ် ၀မ်းနည်းခြင်းသည် မိမိပြုသည့် အမှားနှင့်စပ်လျဉ်း၍ ဘုရား သခင်ရှုမြင်သကဲ့သို့ အမှားကိုအမှားမှန်း သေချာစွာသိခြင်း၊ ၎င်းကို မနှစ်မြို့ခြင်း၊…

အမြင့်ဆုံးသော ကွယ်ကာရာ

နေဟမိ၏ကြီးကြပ်မှုအောက်တွင် ဣသရေလအလုပ်သမားများသည် ယေရုရှလင်မြို့ မြို့ရိုး တံတိုင်းကြီးကို ပြန်လည်တည်ဆောက်နေကြသည်။ သို့သော် လုပ်ငန်းတစ်ဝက်ခန့် ပြီးစီးချိန်တွင် ရန်သူများ ယေရုရှလင်မြို့ကို တိုက်ခိုက်ရန် ကြံစည်နေကြောင်း သိလိုက် ရသည်။ ထိုသတင်းသည် မောပန်းနွမ်းနယ်နေသော အလုပ်သမားများကို စိတ်ဓာတ်ကျ အားလျော့စေခဲ့သည်။
နေဟမိအနေဖြင့် စီစဉ်စရာများ စီစဉ်ရတော့သည်။ ရှေ့ဦးစွာ ဆုတောင်း၍ မဟာဗျူဟာဆွဲလျက်  အစောင့်များကို နေရာချသည်။ ထို့နောက် အလုပ်လုပ်နေသူများကို လက်နက် တပ်ဆင်ပေးသည်။ "မြို့ရိုးတည်သောသူ၊ ၀န်ထမ်းသောသူ၊
ဝန်ကိုတင်သောသူအပေါင်းတို့သည် လက်တစ်ဘက်နှင့် လုပ်ကြ၏။ လက်တစ်ဘက်နှင့် လက်နက်ကို ကိုင်ကြ၏။ တည်သောသူအပေါင်းတို့သည် ခါး၌ ဓားဆွဲလျက် တည်လုပ်
ကြ၏။" (နေဟမိ ၄း၁၇-၁၈)
ဘုရားရှင်၏နိုင်ငံတော် တည်ထောင်နေသူများသည်လည်း ၀ိညာဉ်ရေးရာရန်သူ ဖြစ်သော စာတန်ကို ဆန့်ကျင်တိုက်ခိုက်ရန် လက်နက်တန်ဆာများ တပ်ဆင်ရန် လိုအပ်သည်။ ၀ိညာဉ်တော်တည်းဟူသောဓား- တစ်နည်းအားဖြင့် ဘုရားရှင်၏ နှုတ်ကပတ်တော်သည်…

ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

Adam Minter သည် စွန့်ပစ်အမှိုက်လုပ်ငန်းကို လုပ်ကိုင်သည်။  အမှိုက်လုပ်ငန်း ပိုင်ရှင်၏ သားတစ်ယောက်ဖြစ်သည့်အလျောက် ကမ္ဘာအနှံ့ပတ်ပြီး တိုလီမိုလီအမှိုက်များကို လှည့်ပတ်ရှာသည်။ 'Junkyard Planet' ဆိုသည့် သူရေးသားသောစာအုပ်၌ ဒေါ်လာ သန်းတစ်ထောင်မကတန်သော ပြန်လည်အသုံးပြု၍ရသည့် စွန့်ပစ်ပစ္စည်းလုပ်ငန်း အကြောင်း မှတ်တမ်းတင်ထားသည်။ သူက ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းရှင်များသည့် ကြေးနီဝါယာ၊ ညစ်ပတ် နေသော ခြေသုတ်ခုံ၊ ပလပ်စတစ် အစရှိသော စွန့်ပစ်အမှိုက် များကို အသုံးဝင်သည့်ပစ္စည်းအသစ်အဖြစ် ပြန်လည် ထုတ်လုပ်ရန် စိတ်ရောကိုယ်ပါ မြှုပ်နှံရင်းနှီးကြသည်ဟု မှတ်သားခဲ့ရသည်။
တမန်တော် ရှင်ပေါလုက သူ့အသက်တာကို
ကယ်တင်ရှင်ထံ မျက်မှောက်ပြုပြီးနောက်တွင် သူ၏ အောင်မြင်မှုနှင့် စွမ်းရည်များမှာ အမှိုက်သာသာဖြစ်ကြောင်း   သိမြင်ခဲ့သည်။ သို့သော် သခင်ယေရှုသည် ၎င်းတို့ကို အသစ်ဖြစ်စေရုံမျှမက အသုံးဝင်အောင် ပြောင်းလဲပေး ခဲ့သည်။ ရှင်ပေါလုက ဖိ ၃း၇-၈ တွင် "သို့သော်လည်း…

ဒုက္ခရောက်သူအတွက် နှစ်သိမ့်သက်သာရာ

ချားလ်စ်ဒစ်ကင်ဆန် ရေးသားသည့် `ဒေးဗစ်ကော့ပါးဖီး´ ၀တ္ထုမှ တူမောင် `ဒေးဗစ်ကော့ပါးဖီး´ အား ပထွေးဆိုးက အနိုင်ကျင့်ညှဉ်းဆဲရာ ကြီးတော်ဖြစ်သူက ရင်ဆိုင်ပစ်လိုက်သည့်အခန်းကို ကျွန်မသဘောကျလှသည်။
ဒေးဗစ်ကော့ပါးဖီးသည် ကြီးတော် ဘက်စီထရော့ဝု ၏အိမ်သို့ ရောက်လာရာ သူ့ပထွေး မစ္စတာ မာ့စတုန်းကလည်း မလှမ်းမကမ်းမှ လိုက်ပါ လာသည်ကို ကြီးတော်က သဘောမတွေ့ပါ။ သားအပေါ် ရက်စက်စွာ ပြုမူမှုအတွက် သူ့အပေါ် မကျေနပ်ချက်
တစ်သီကြီးကို ပထွေးခမျာ မငြင်းနိုင်အောင် ဘက်စီ ပြောချ လိုက်သည်။ ကြီးတော်၏စွဲချက်က ပြင်းထန်မှန်ကန်လွန်း သဖြင့် သာမန်ဆိုလျှင် ရန်လိုတတ်သော မစ္စတာ မာ့စတုန်း သည် ဘာတစ်ခွန်းမှ မပြောနိုင်ဘဲ ထွက်သွားတော့သည်။ ကြီးဒေါ်ဘက်စီ၏အား၊ ကောင်းမြတ်ခြင်းအားဖြင့် အဆုံး၌ ဒေးဗစ်မှာ တရားမျှတမှုကို ခံစားရတော့သည်။
ခွန်အားကြီး၍ ကောင်းမြတ်သော၊ တစ်နေ့တွင် ဤကမ္ဘာရှိအမှားအယွင်းများကို
ပြန်လည်တည့်မတ် မှန်ကန်စေမည့်သူတစ်ဦးရှိသည်။ သခင်ယေရှုပြန်လည်ကြွလာသော…

ထောင်ချောက်ကိုရှောင်

Venus flytrap အပင်သည် ၁၀ရက်အတွင်း အင်းဆက်ပိုးမွှားများကို ဖျက်ဆီးနိုင်သည်။ ၎င်း၏အရွက်များသည် ထောင်ချောက်သဏ္ဌာန်ဖွင့်ဟလျက် ၎င်းအရွက်မှထွက်လာ  သည့် ၀တ်ရည်တစ်မျိုး၏အနံ့ကို ပိုးကောင်က အနံ့ခံမိပြီး အနံ့ရှိရာသို့ ချဉ်းကပ်လာ သောအခါ ထောင်ချောက်တွင်းသက်ဆင်းလျက် တစ်စက္ကန့်အတွင်း အရွက်များက ပိတ်သွားပြီး၊ ၎င်းမှထွက်လာသည့် အစာချေအရည်က ပိုးမွှား များကို ချေဖျက်တော့သည်။
ကျွန်မတို့လည်း အပြစ်သွေးဆောင်ရာသို့ လိုက်ပါမိ ပါက ဒုစရိုက်အပြစ်သည် ကျွန်မတို့ကို ဤနည်းအတိုင်း ၀ါးမြိုကြောင်း ဤအသားစားပင်အားဖြင့် ကျွန်မသင်ခန်းစာ ရသည်။ က ၄း၇ တွင် `သင်သည် မကောင်းမှုကို ပြုခဲ့သဖြင့် အပြစ်တရားသည် ... သင့်တံခါးအနီးတွင် ချောင်းမြောင်း လျက် ရှိ၏။´(ခေတ်သုံး) ဟု ကာဣန သူ့ညီအာဗြေလကို မသတ်မီ၌ ဘုရားသခင်က အထက်ပါစကားကို သတိပေး ပြောကြားခဲ့သည်။
ဖြောင့်မတ်စွာ အသက်ရှင်ရှင် မရှင်ရှင် အရေးမကြီး၊…

ဘုရားအကြံအစည်လား၊ ကျွန်ုပ်တို့အကြံအစည်လား။

ကျွန်မအမျိုးသားသည် အသက် ၁၈ နှစ်အရွယ်က ကားရေဆေးခြင်း လုပ်ငန်းကို စတင်ခဲ့ သည်။ ဂိုဒေါင်နှင့်အလုပ်သမားများငှား၍ ကြော်ငြာ၊ လက်ကမ်းစာစောင်များ ဖြန့်ချိခဲ့သည်။ ထိုလုပ်ငန်းက အဆင်ပြေခဲ့သည်။ သူ့ရည်ရွယ်ချက်မှာ ထိုလုပ်ငန်းကို ရောင်းပြီး အမြတ်ကို
ကောလိပ်ကျောင်းစရိတ်ပေးရန်ဖြစ်သည်။ ထို့ကြောင့် ၀ယ်လက်က စိတ်ဝင်စား သောအခါ သူအလွန် စိတ်လှုပ်ရှားခဲ့သည်။ ညှိနှိုင်းမှုအချို့ ပြုလုပ်ပြီး အရောင်းအ၀ယ်ဖြစ်တော့မည့် ပုံပေါ်သည်။ သို့သော် နောက်ဆုံးအချိန်တွင် သဘောတူညီမှုပျက်ခဲ့သည်။ ကားရေဆေးလုပ်ငန်းကို   နောက်လအတန်ကြာမျှအထိ ရောင်းမထွက်ခဲ့ပါ။
ကျွန်မတို့ မျှော်မှန်းထားသောအရာများနှင့် ဘုရား သခင်၏အချိန်၊ အကြံအစည်က တစ်ထပ်တည်း မကျခြင်းကို စိတ်ပျက်ရခြင်းမှာ ပုံမှန်ဖြစ်သည်။ ဒါဝိဒ်မင်းကြီးသည် ဘုရား သခင်၏ဗိမာန်တော်ကို တည်ဆောက်လိုချိန်တွင် သူ၌လုပ်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း နှင့် အရင်းအမြစ်များရှိနေခဲ့သည်။ သို့သော် ဘုရားသခင်က ဒါဝိဒ်မင်းသည် စစ်ပွဲတွင် လူများစွာကို သတ်ဖြတ်ခဲ့သောကြောင့် ထိုအမှုကို လုပ်ဆောင်ခွင့်မရ …

ကျွန်ုပ်၏ခွန်အားဖြစ်သော ဘုရားရှင်

ဗာဗုလုန် စစ်သားများအား လူကြီးလူကောင်းများဟူ၍ မည်သူမျှ တလွဲ အမှတ်မှားမည် မဟုတ်ပါ။ ၎င်းတို့သည် အကြင်နာကင်းမဲ့သည်။ ဒူပေနာပေ ခံနိုင်သည်။ ကြောက်စရာ ကောင်းသည်။ သိန်းငှက်က သားကောင်ကို ထိုးသုတ်ယူသကဲ့သို့ အခြားတိုင်းနိုင်ငံများကို တိုက်ခိုက်ကြသည်။ တန်ခိုးအာဏာရှိရုံမက မာန်မာနလည်း ထောင်လွှားနေကြသေး သည်။ သူတို့၏တိုက်ရည်ခိုက်ရည်အစွမ်းကို သူတို့ကိုးစား သည်။ သမ္မာကျမ်းမှ ၎င်း၏ခွန်အားသည် ၎င်းတို့၏ဘုရား ဖြစ်ကြောင်း ပြောထားသည် (ဟဗ ၁း၁၁)။
ဣသရေလတပ်များသည် မိဒျန်လူတို့နှင့် တိုက်ပွဲဝင် ရန် ပြင်ဆင်နေချိန်တွင် ဘုရားသခင်သည် ၎င်းတို့အား ထိုကဲ့သို့ မိမိကိုယ်မိမိ အားကိုးခြင်းများ မရှိစေလိုပါ။ ထို့ကြောင့်  ဣသရေလတပ်၏ ဗိုလ်ချုပ်ဖြစ်သော ဂိဒေါင်အား ‘‘သင်၌ပါသောလူတို့သည် အလွန်များ၍ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်မည်ဟု ငါ့တစ်ဘက်၌ ၀ါကြွားလိမ့်မည်’’ (သူကြီး ၇း၂)ဟု…

အဘိဂဲလ၏ သတိပေးချက်

စည်းစိမ်ဥစ္စာကြွယ်ဝသော်လည်း မောက်မာရက်စက်သူ `နာဗလ´ က ဒါဝိဒ်ကို အကူအညီ မပေး၊ ထို့ကြောင့် ဒါဝိဒ်နှင့်သူ၏စစ်သည်တော် ၄၀၀ တို့က သူရှိရာသို့ ချီတက် လာသည်။ နာဗလ၏ဇနီး အဘိဂဲလနှင့် အရင်မတွေ့ပါက ဒါဝိဒ်သည် `နာဗလ´ အား
လုပ်ကြံသတ်ဖြတ်မည်ဖြစ်သည်။ အဘိဂဲလသည် စစ်တပ်တစ်တပ် စားလောက်သော အစားအစာ အလုံအလောက်ကို ထုပ်ပိုးပြီး စစ်သည်များအား တွေ့ဆုံရန်ခရီးပြုခဲ့ပြီး ကျရောက်လာနိုင်မည့် အန္တရာယ်ဆိုးကို ပယ်ဖျက်လိုက်နိုင်ရန် မျှော်လင့်ထားသည်။ ကြံစည်ထားသည့် အတိုင်း လက်စားချေလုပ်ဆောင်ပါက အပြစ်မကင်းသည့် စိတ်ဖြင့် လိပ်ပြာမသန့်ဖြစ်ရတော့မည်ဟု အဘိဂဲလ က လေးလေးစားစားနှင့် ဒါဝိဒ်ကိုသတိပေးခဲ့သည် (၁ရာ ၂၅း၃၁)။
သူ့စကားမှန်ကန်ကြောင်း ဒါဝိဒ်ဝန်ခံပြီး သူ၏မှန်ကန်စွာ ဆုံးဖြတ်စီရင်ချက်အတွက် ဒါဝိဒ်သူ့ကို  ကောင်းချီးပေးခဲ့သည်။
ကန္တာရထဲတွင် နာဗလ၏သိုးထိန်းများကို ဒါဝိဒ် ကာကွယ်ပေးလည်း(း၁၄-၁၇)၊ ကောင်းမှုကို မကောင်းမှုနှင့် တုံ့ပြန်ခံရသည့်အတွက် ဒါဝိဒ်ဒေါသထွက်၊ စိတ်ဆိုးခြင်းက…

အလင်းဘက်သို့ ယိုင်ခြင်း

တစ်နေ့တွင်  ပန်းရောင်ကျူးလစ်ပန်းတစ်စည်းကို  ကျွန်မလက်ခံရရှိခဲ့ပြီး  မီးဖိုချောင်ရှိ စားပွဲတွင်  ပန်းအိုးထိုးလိုက်သည်။  ပန်းပွင့်များက  ရိုးတံပေါ်တွင်  လှုပ်ရမ်းနေကြသည်။  နောက်တစ်နေ့တွင်း  ပန်းပွင့်များသည်  အခြားတစ်ဘက်သို့  မျက်နှာမူနေသည်ကို ကျွန်မ သတိထားမိသည်။ အပေါ်ဘက်သို့ မျက်နှာမူနေသောပန်းပွင့်များသည် ယခုအခါ အနီးရှိ  ပြတင်းပေါက်မှဖြာဆင်းလာသော  အလင်းတန်းရှိရာ ဘက်သို့ ယိုင်နေသည်ကို တွေ့ရသည်။ သင်ခန်းစာကား ကျွန်မတို့အားလုံးကို ထိုပန်းပွင့်များ ကဲ့သို့ဖြစ်ရန် ကိုယ်တော်ဖန်ဆင်းထားသည်။  သူ၏မေတ္တာ အလင်းသို့မျက်နှာမူရန်  ဘုရားသခင်  ကျွန်ုပ်တို့အား ခေါ်ယူသည်။  ခေါ်ယူစေစားခံရသည့်  အံ့ဖွယ်အမှုကို "မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့  ခေါ်ယူ ခံရခြင်း  ဟု  ရှင်ပေတရု  ရေးသားထားသည်  (၁ပေ  ၂း၉)။ ဘုရားသခင်ကို  မသိမီက  အပြစ်၏မှောင်မိုက်နှင့်သေခြင်းထဲ၌  ကျွန်မတို့  ကျင်လည် ကြသည်  (ဧဖက်  ၂း၁-၇)။  သို့သော်လည်း  ဘုရားသခင်၏ကရုဏာနှင့်  မေတ္တာကြောင့် သားတော်ယေရှု၏အသေခံခြင်းနှင့်  ရှင်ပြန်ထမြောက်ခြင်းအားဖြင့်  ၀ိညာဉ်ရေးရာ  မှောင်မိုက်မှလွတ်မြောက်နိုင်သည့်လမ်းတစ်လမ်းကို…